Wilson Chan – ရေးသားပြီး 🔰BNCHANNEL🔰 မှ တင်ဆက်သည်။

လက်ထပ်ထိမ်းမြားခြင်းရော၊ ကွာရှင်းပြတ်စဲခြင်းရောဟာ ကိုကိုမမ ဦးဦးဒေါ်ဒေါ်တို့ကို ဝိတ်အတက်အကျ ဖြစ်စေနိုင်တဲ့အကြောင်ရင်းတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ စစ်တမ်းတွေအရတော့ လက်ထပ်ထိမ်းမြား ပြီးရင် ဝိတ်တက်လာလေ့ရှိတာက မိန်းကလေးတွေဖြစ်ပြီး ယောကျာ်းလေးတွေကတော့ ကွာရှင်းပြတ်စဲပြီးနောက်မှာ ဝိတ်တက်တာတွေ ပိုဖြစ်လေ့ရှိတယ်လို့ဆိုပါတယ်။
အသက်အရွယ်ငယ်တဲ့သူတွေမှာ ဒီအဖြစ်အပျက်မျိုး သိသိသာသာဖြစ်လေ့ဖြစ်ထမရှိပေမယ့် အသက် ၃၀ နဲ့ ၅၀ ကြား အမျိုးသားအမျိုးသမီးတွေမှာတော့ ရာခိုင်နှုန်းတော်တော်များများ ဖြစ်လေ့ရှိတယ်လို့လည်းဆိုပါတယ်။
Ohio State University က သုတေသနပြုလုပ်သူကျောင်းသား Dmitry Tumin ကနေပြီး အသက်အရွယ်ကြီးလာတာနဲ့အမျှ လက်ထပ်တာပဲဖြစ်ဖြစ်၊ ကွာရှင်းပြတ်စဲတာပဲဖြစ်ဖြစ် ဒီအဖြစ်အပျက်နှစ်ခုလုံးဟာ ဝိတ်အတက်အကျဖြစ်စေနိုင်တဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ချက်ဖြစ်တယ်လို့ အဆိုတင်သွင်းပြသခဲ့တာဖြစ်ပြီး အဲဒီအဆိုနဲ့ပတ်သက်တဲ့ သုတေသနစစ်တမ်းတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။
သုတေသနနဲ့စစ်တမ်းတွေပြီးသွားချိန်မှာတော့ လက်ထပ်ခြင်းနဲ့ကွာရှင်းပြတ်စဲခြင်းဟာ ဝိတ် ပေါင်ချိန် ၂၀နီးပါးလောက် အတက်အကျအပြောင်းအလဲဖြစ်စေနိုင်တာကို တွေ့ရှိခဲ့ရပြီး အဲ့လိုဝိတ်အတက်အကျဖြစ်ခြင်းကလည်း နှလုံးရောဂါ ဖြစ်စေနိုင်တဲ့အထိ သက်ရောက်မှုရှိနိုင်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။
အမျိုးသမီးတွေအတွက်တော့ လက်ထပ်ပြီး ၂နှစ်တာကာလအတွင်းမှာ ဝိတ်တက်တာအများဆုံးဖြစ်ပြီး အမျိုးသားတွေအတွက်ကတော့ ကွာရှင်းပြတ်စဲပြီး သိပ်မကြာတဲ့အချိန်ကာလတစ်ခုအတွင်းမှာပဲ သိသိသာသာ ဝိတ်တက်လာတာမျိုးဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လက်ထပ်ထိမ်းမြားပြီးနောက်ပိုင်းမှာပဲဖြစ်စေ၊ ကွာရှင်းပြတ်စဲပြီးနောက်ပိုင်းမှာပဲဖြစ်စေ ပုံမှန်ကိုယ်အလေးချိန်ကိုထိန်းညှိရင်း လေ့ကျင့်ခန်းပြုလုပ်တာနဲ့ အစားအသောက်ပုံစံကိုချိန်ညှိတာက အမျိုးသားအမျိုးသမီးတိုင်းကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။
BNCHANNEL Re presentation Broadcaster Channel
- (no title)M
- (no title)Join my Slack workspace! https://join.slack.com/t/bnchannel/shared_invite/zt-13894g4hy-a8wcDtIWTDkMz3_nfu8yEA
- မြူနှင်းကြားကငိုရှိုက်သံ☑️အပြာစာအုပ်/Apyyar Book/Blue Book အော် ငါ့အသက်အရွယ်က 18နှစ်ကျော်လို့ 19နှစ်တောင် ရောက်နေပြီပဲ။ ကလေးလေး ဘဝနဲ့ ဖေဖေ၊ မေမေ တို့ရဲ့ ရင်ခွင်ထဲမှာပဲ ခိုအောင်းပြီး အေးချမ်းပျော်ရွှင်ခဲ့တာ ဖေဖေနဲ့ မေမေကလဲ ငါ့ကို ကလေးလေး တစ်ယောက်လိုပဲ အခုထိ ထင်နေတုန်းပဲ။ ဖေနဲ့ မေရယ် သမီး ကလေးမဟုတ်တော့ဘူး။ သမီးလေ လောကကြီးကို တစ်ယောက်ထဲ ပျံသန်းကြည့်ချင်နေပြီ။ငါ့ရဲ့ သူငယ်ချင်း ဖူးပွင့်ဝေနဲ့ သင်ဇာအောင်လို ရည်းစားလေး ထားကြည့်ချင်လိုက်တာ။ တော်တော် ပျော်စရာ ကောင်းပြီး မခံစားဘူးတာတွေကို ခံစားရမှာပဲ။ အချစ်ရဲ့ အရသာကို ရင်ခုန်ကြည့်ချင်လိုက်တာ။ နက်ဖြန်ဆို ငါ့မွေးနေ့ ပဲ စောစောအိပ်မှ။မနက်အစောကြီးထ ရေမိုးချိုးပြီးတော့ “မေမေ သမီး ဖူးပွင့်တို့ဆီ သွားလိုက်ဦးမယ်”သူတို့ အဆောင်လဲရောက်ရော “ဖူးပွင့် … Continue reading မြူနှင်းကြားကငိုရှိုက်သံ☑️
- MIMK 070(DECENSORED)☑️👥 Administration
- ADN077☑️👥 Administration